Friday, April 9, 2010

ပေါတောတော ပါတီနာမည်တွေ

၁၉၉၀ ရွေးကောက်ပွဲတုန်းက ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ပါတီနာမည်တွေကို ဖတ်တိုင်း အူလှိုက်သဲလှိုက် ရီမိပါတယ်။ နအဖလက်ထက်မှာတော့ ပါတီထောင်ဖို့ မလွယ်လို့ ဗရုတ်သုတ်ခ နိုင်ငံရေး ပါတီတွေ များများစားစား ပေါ်လာတော့ မယ်မထင်ပါဘူး။ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကို တချက်လောက် ဝေဖန်ကြရအောင်။

၁။ အေးလွင်ပါတီ - ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်

ကမ္ဘာမှာရှိသမျှ နိုင်ငံရေးပါတီတွေထဲက သိထားသမျှ နိုင်ငံရေးပါတီတွေကို ကြည့်လိုက်တော့ တိုင်းပြည်နာမည်ကို သုံးတဲ့ ပါတီကို မတွေ့မိပါ။ Republic of India Party??? Republic of Korea Party? United States Party???? Republic of China Party? မကြားဘူးပါ။

အမျိုးသား နိုင်ငံရေး တဲ့။ အမျိုးသ္မီး နိုင်ငံရေးမရှိဘူးလား ကိုအေးလွင်။ နယ်စပ်ရောက်ရင် ၃၀% သမားတွေရဲ့ လက်သီးစာမိသွားမယ်။

အဖွဲ့ချုပ် ရောဂါ။ အဖွဲ့ချုပ်ဆိုတာ ဗမာပြည်မှာ ဒေါ်စုနဲ့ ခွဲလို့မရအောင် ဖြစ်နေတယ်။ အဖွဲ့ချုပ်ဆိုတဲ့ စကားလုံးကို သုံးလိုက်တာနဲ့ ဒေါ်စုထမင်နားကပ်သူ ဖြစ်သွားမယ်။

ကဲ ကိုအေးလွင်၊ ဘယ်လိုထင်သလဲ။ ဘောဂဗေဒပါတီ။ ပထဝီပါတီ။ ရာဇဝင်ပါတီ။ ဘွဲ့ရပါတီ။ ဘွဲ့မရပါတီ တွေ နအဖကျေးဇူးတော်ကြောင့် မမြင်ရပေမယ့် ခင်ဗျားပါတီရဲ့ နာမည်က ကိုးလိုးကန့်လန့်ကြီးပါဗျ။

အဲ မေ့တော့မလို့။ ဦးအုန်းလွင်ပါတီနာမည်လည်း တမျိုးကြီးပါ။ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်တဲ့။ ဟဲဟဲ........

အမျိုးသ္မီးနိုင်ငံရေး သ္မီးတွေအဆော်ခံလိမ့်မယ် သတိထား အန်ကယ်။ မဟာမိတ် ဆိုတဲ့ စကားလုံးကလည်း ကိုးလိုး ကန့်လန့် ပါလာပြန်ပြီ။ နောက်ဆုံးမှာ ဒေါ်စုရဲ့ အဖွဲ့ချုပ်လည်း ထပ်ပါလိုက်သေးတယ်။ အော် ဒုက္ခ ဒုက္ခ။ အာဏာ လိုချင် လွန်းတော့လည်း လူကြီးတန်မဲ့ အရှက်မရှိ ထမင်နားကပ်ကပ်နေကြပါလား။

ဒီမှာ နောက် တဖွဲ့။ ပအိုးဝ် အမျိုးသား အဖွဲ့ချုပ်တဲ့ဗျာ။ ပအိုးဝ် အမျိုးသားပါတီလို့ တပ်လိုက်ပါလား ဦးလေး အောင်ခန်းတီ။

ဗိုလ်သန်းရွှေ ကိုတောင် အကူအညီတောင်းချင် လာပြီ။ အဖွဲ့ချုပ်ဆိုတဲ့ စကားလုံး သုံးတဲ့ပါတီတွေ သိန်း ၅၀၀ လျှော်ရမယ်လို့ ဥပဒေပြဌာန်းလိုက်တာ မဟုတ်ဘူး။

ဦးရဲထွန်းပါတီကလည်း တမျိုးကြီးပါလား။ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ တဲ့။ ပါတီနာမည်က မျိုးဆက်တို့ ကျောင်းသားတို့ လူငယ်တို့ ဘာတို့ ညာတို့။ ဟဲဟဲ စိတ်မရှိပါနဲ့ ဦးရဲထွန်းခင်ဗျ။ ၈၈ ဆိုတာ အတိတ်မှာ အေးအေးလူလူ နေပါရစေ။ မဟာသိပ္ပံပါတီတပ်လိုက်တာမှ မဲများများရအုံးမယ်။

ပုံ

သန်းရွှေမန်း

အာဏာရှင်ကို ဆန့်ကျင်တဲ့ အာဏာရှင်တွေ

နအဖ ကိုဆန့်ကျင်ကြတဲ့ နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလတွေ အများစုဟာ ကိုယ့်ကိုကိုယ် အာဏာရှင်မှန်း မသိကြတဲ့ အာဏာရှင် ပါတီတွေ၊ အာဏာရှင် တသီးပုဂ္ဂလတွေ ဆိုရင် မှားမယ် မထင်ပါဘူး။

NLD ဟာ ဒေါ်စုကို အာဏာရှင် ဖြစ်လာအောင် တချိန်လုံး ကြိုးပန်းနေတယ်။ ဒေါ်စုကလည်း အာဏာရှင် မဖြစ်လို ကြောင်း တချိန်လုံး ငြင်းဆန်နေတယ်။

UNA တို့ CRPP တို့ ကလည်း ဒေါ်စုသာ မရှိရင် ဘာလုပ်ရကိုင်ရမှန်း မသိတဲ့ အဖွဲ့တွေ။ ရှင်းရှင်း ပြောရရင် ဒေါ်စု ထမင်နားကပ်စားတဲ့ အဖွဲ့တွေပါ။

ဗမာပြည် နိုင်ငံရေးမှာ ဒေါ်စုမပါပဲနဲ့ ဘာလုပ်သင့်သလဲ ဆိုတာ ဝါရင့်၊ ဝါနု၊ ဝါလတ်၊ ဝါခြောက်၊ ဝါဆို နိုင်ငံရေး သမားတွေအားလုံး စဉ်းစားသင့်ပါတယ်။

နအဖကတော့ သန်းရွှေမရှိရင် ဘာလုပ်မလဲဆိုတာ ရှိပြီးသားပါ။ နအဖမှာ Plan - B ကနေ Plan - Z အထိရှိတယ်။ NLD, NCUB, NCGUB, UNA, CRPP, etc etc မှာက Plan - A လည်း မရှိ။ B လည်း မရှိ။ နတိ။

ပုံ

သန်းရွှေမန်း